• 2024-01-23 10:15:43
Joyful Farmers at Myanmar Farm - Nurturing Growth

တိပ်ကြိုးကို အသုံးပြုပြီး နွား၏ ကိုယ်အလေးချိန် ခန့်မှန်းနည်း

နွားငယ်လေးများ သားခွဲသည့်အချိန်တွင် ကိုယ်အလေးချိန် ၁၀၀ ကီလိုဂရမ်ခန့်နှင့် ပထမသားစပ်သည့်အချိန် အသက် ၁၅ လသား အရွယ်တွင် ၃၃၀ - ၃၅၀ ကီလိုဂရမ်ခန့် ရှိနေရန်လိုအပ်ပါသည်။ ထို့ကြောင့် တစ်ရက်ပျမ်းမျှ ကိုယ်အလေးချိန် ၆၀၀- ၇၀၀ ဂရမ်ခန့် တိုးရန်လိုအပ်ပါသည်။ ပခုံးအမြင့်သည် နွား၏အရိုးကြီးထွားမှုနှင့် ခန္ဓာကိုယ်အရွယ်အစားတို့ကို ခန့်မှန်းရန်အတွက် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် အသက် ၁၅ လသားအရွယ်တွင် ပခုံးအမြင့်သည်လည်း ၁၂၈ - ၁၃၀ စင်တီမီတာခန့် ရှိရန် လိုအပ်ပါသည်။ စင်တီမီတာဂဏန်းများ ရေးထားသော တိပ်ကို အသုံးပြုပြီး နွား၏ ခန္ဓာကိုယ် လုံးပတ် ( Chest girth ) ကိုတိုင်းတာခြင်းအားဖြင့် ကိုယ်အလေးချိန် ခန့်မှန်းနိုင်ပါသည်။

သတ်မှတ်ထားသော ကိုယ်အလေးချိန်နှင့် အရွယ်အစား မမီသော နွားမများသည် မွေးဖွားရခက်ခဲခြင်း၊ နို့ထွက်နှုန်းနည်းခြင်း၊ ကလေးမွေးပြီးနောက် မြိုင်လာချိန် နောက်ကျတတ်ခြင်း၊ သားအောင်နှုန်းနည်းခြင်း စသည်တို့ဖြစ်တတ်ပါသည်။

တိပ်ကြိုးကို အသုံးပြုပြီး ကိုယ်အလေးချိန်ခန့်မှန်းခြင်း

နွား၏ခန္ဓာကိုယ် လုံးပတ်ကို တိုင်းတာ၍ ကိုယ်အလေးချိန်ကို ခန့်မှန်းခြင်း

အပြာရောင်- သားခွဲချိန်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်

အနီရောင်- နွားမတမ်း ပထမ သားစပ်သည့် အချိန်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်

**ဆောင်းပါးများကို "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"